WeCare - The Health@Home Podcast

အသက် (၃) လအရွယ် ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အောင်မြင်မှုမှတ်တိုင်များ -အပိုင်း ၂

Health@Home Season 1 Episode 2

Send us a text

အမြင်အာရုံ- 

သင့်ကလေးက မွေးစမှာ  သူသည် မျက်လုံးတွေ ဝါးနေတာပါ။ သင့်ကလေး ကြီးထွားလာတာနှင့်အမျှ မျက်စိအမြင် အာရုံကလည်း ကောင်းမွန်လာပါတယ်။

 • သူဟာ အဝေးက  ရင်းနှီးသူများ ၊ အရာများ မြင်ရခြင်းကို  နားလည်လာပါတယ်။

 • သင့်ကလေးဟာ ပြင်ပကို ပို တုံပြန်မှုရှိပြီး မကြာခဏ ပြုံးတတ်လာပါတယ်။ 

• သူဟာ အလင်းကို လိုက်ကြည့်တာ၊ ရွေ့နေတဲ့ အရာဝတ္ထုများကို မျက်လုံးများဖြင့် လိုက်ကြည့်တာ လုပ်တတ်နေပါပြီ။

 •သုံးလသားအရွယ်မှာ အရောင်များကို ခွဲခြားနိုင်စွမ်းလည်း ဖွံ့ဖြိုးလာပါပြီ။ တောက်ပသောအရာများက သင့်ကလေးကို ပိုမိုဆွဲဆောင်နိုင်ပါမယ်။ 

 

အိပ်စက်ခြင်း- 

သင်ဟာ အရင်ကထက် တစ်ညတာကို  ပိုကောင်းစွာ အိပ်နိုင်လာပါပြီ။  ဘာကြောင့်လဲဆိုတော့- 

• သင့်ကလေးဟာ တစ်ညလုံး သို့မဟုတ် (၆) နာရီခန့်ကြာအောင် တချိုးထဲ အိပ်နေပါလိမ့်မယ်။ 

• သူဟာ နေ့ဘက်တွင် ပိုကစားပြီး ညဘက်မှာ ပင်ပန်းလို့ ကောင်းကောင်းအိပ်ပျော်တတ်နေပါပြီ။ 

• (၃) လ သားအရွယ်  ကလေးရဲ့  အိပ်စက်မှုပုံစံဟာ ပုံမှန်ဖြစ်လာပါပြီ။  

 

ကြီးထွားမှုနှုန်း-

ကလေးများအတွက် ကြီးထွားမှုနှုန်းဟာ မတူညီသော်လည်း ပျမ်းမျှအားဖြင့် သင့်ကလေး ကြီးထွားမှုကို  အောက်ပါ တို့နဲ့ ကြည့်နိုင်ပါတယ်-

• ကလေးငယ်ရဲ့ ပျမ်းမျှကိုယ်အလေးချိန်တိုးမှုဟာ သုံးလအတွက် လစဉ် ၁.၅ ပေါင်မှ ၂ ပေါင်ခန့် ဖြစ်ပါတယ်။

 • လစဉ် အရပ် အမြင့် ၁ လက်မခန့် တိုးလာပါတယ်။

 • ဦးခေါင်းအရွယ်အစားကလည်း တစ်လလျှင် လက်မဝက်ခန့် တိုးလာပါတယ်။