WeCare - The Health@Home Podcast

ကလေးများ ညည်းသံထွက်ခြင်း အကြောင်း နှင့် ညည်းသံထွက်တာဟာ အသက်ရှူခက်ခဲခြင်း လက္ခဏာ လား- အပိုင်း ၂

Health@Home Season 1 Episode 2

Send us a text

မိဘများအတွက် အကြံပြုချက်များ- 

သင့်ကလေးကို သက်သာစေရန် အောက်ပါ ရိုးရှင်းသောအချက်များကို လိုက်နာနိုင်ပါတယ်။ တကယ် လို့  ကလေး မှာ  အဖျားရှိနေရင်၊    ကောင်းစွာအသက်မရှူနိုင်ရင်၊   ကလေး အသားဟာ ပြာလာတာ တွေ့ရင် ဆရာဝန်ထံ အရေးပေါ် ချက်ချင်းခေါ်သွားပါ။ 

• ကလေးအား စောင့်ကြည့်ခြင်း- စိတ်တည်ငြိမ်အောင်ထားပြီး ကလေးကို သက်တောင့်သက်သာရှိသော အနေအထားတွင်ထားပါ။ ပိုဆိုးလာသော လက္ခဏာများ ရှိမရှိ ‌  ဂရုတစိုက် စောင့်ကြည့်ပါ။ 

• ဆေးဝါးများ- ကလေးအား အဖျားကျစေရန် ဆေးများ ပေးနိုင်ပါတယ်။  ကလေးက နှာပိတ်နေရင် သက်သာစေဖို့ Saline nasal drops ရှိရင် နှာခေါင်းထဲ အစက်ချပေးနိုင်ပါတယ်။ 

• ရေဓာတ်ဖြည့်တင်းခြင်း- ကလေးကို ရေဓါတ်ပြည့်ဝ စေရန် အရည်များများတိုက်ပါ။ 

• က‌လေးရဲ့ ပတ်ဝန်းကျင်- ကလေးအခန်းမှာ ရေငွေ့ထုတ်စက် (cool mist humidifier) သုံးနိုင်ပါတယ်။ 

ကလေးကို ပြစုတဲ့အခါ လက်ကို သေချာဆေးခြင်းဖြင့် ရောဂါပိုး ပြန့်ပွားခြင်းကို ကာကွယ်ပါ။ သင့်ကလေးကို လေဝင်လေထွက်ကောင်းပြီး ဖုန်မှုန့်ကင်းစင်သောနေရာတွင် ထားပေးပါ။ တင်းကျပ်သော အဝတ်အစားများ ကို ရှောင်ပါ။ ကလေးအနားမှာ ဆေးလိပ်မသောက်ပါနဲ့။ 

• တစ်ကိုယ်ရေသန့်ရှင်းမှု- အခြား ဖျားနာသူများနှင့် ကလေး ကို မထိတွေ့ပါစေနဲ့။  ရောဂါပိုးမပြန့်ပွားစေဖို့ ကလေးအား ကိုင်တွယ်ပြီးရင် လက်သန့်ရှင်းရေးကို ဂရုစိုက်ပါ။ 

 • တိုင်ပင်ဆွေးနွေးခြင်း- အသက်ရှူရခက်ခဲပြင်းထန်ပါက  ကလေးဟာ  ဆေးရုံ တက်ဖို့ လိုပြီး အောက်ဆီဂျင် ရှူရတတ်ပါတယ်။  အဆုတ်ပိုးဝင်တာပါ ရှိရင်  ဆရာဝန်က ဆေးတွေ ပေးပါလိမ့်မယ်။  

 အပြည့်အစုံကို  အသံဖိုင်လေးထဲမှာ နားဆင်နိုင်ပါတယ်ရှင်!