WeCare - The Health@Home Podcast
WeCare - The Health@Home Podcast
ကလေးများ ညည်းသံထွက်ခြင်း အကြောင်း နှင့် ညည်းသံထွက်တာဟာ အသက်ရှူခက်ခဲခြင်း လက္ခဏာ လား- အပိုင်း ၁
Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.
ပုံမှန်မဟုတ်သော သို့မဟုတ် ဆူညံစွာအသက်ရှူခြင်းဟာ ကလေးငယ်များမှာ အဖြစ်များပါတယ်။ အများအား ဖြင့် အရင်းခံပြဿနာ မရှိတတ်သလို ဆေးကုသမှုမလိုဘဲ ပြန်ကောင်းပါတယ်။ သင့်ကလေးဟာ မကြာခဏ ညည်းသံ ထွက်ရင်၊ သို့မဟုတ် အခြားရောဂါရဲ့ လက္ခဏာများ ရှိနေပါက၊ နေမကောင်းတဲ့ ပုံစံ ပေါက်ပါက၊ သင့်ကလေးအား ဂရုတစိုက်စောင့်ကြည့်ဖို့ လိုပါတယ်။ ဒီအခြေအနေဟာ ချက်ချင်းဆေးကုသမှု ခံယူရန် လိုအပ်ပြီး စိုးရိမ်စရာ ဖြစ်နေနိုင်ပါတယ်။
ကလေးဟာ အသက်ရှူရင် အသံထွက်နေတာ ပုံမှန်ပဲလား?
ကလေးငယ်များဟာ အသက်ကို လျင်မြန်စွာ ရှူတာက ပုံမှန်ပါ။ တခါတရံမှာ စက္ကန့်အနည်းငယ် အသက် ရှုခြင်းကို ခေတ္တရပ်တာ၊ အလွန် မြန်မြန် ရှူတာ၊ တစ်ခါတစ်ရံ ပုံမှန် အသက်ရှူနေရင်တောင် အသံထွက်တာ ဖြစ်တတ်ပါတယ်။ မွေးကင်းစကလေးများအတွက် ပုံမှန်အသက်ရှူနှုန်းဟာ တစ်မိနစ်လျှင် အကြိမ် ၄၀ မှ ၆၀ အထိ ဖြစ်ပါတယ်။ အသက်ရှုနှုန်း ပြောင်းတာ၊ အသက်ရှူပုံ ပြောင်းတာ၊ ရင်ဘတ်ကို ချိုင့်အောင် ရှူတာ တွေဟာ ဆေးကုသမှုခံယူဖို့ လိုအပ်တဲ့ လက္ခဏာများ ဖြစ်ပါတယ်။ ကလေးဟာ အသက်ရှူတိုင်း တအင့်အင့် မြည်အောင် ညည်းတွားတာဟာ သင့်ကလေး အသက်ရှူရခက်ခဲတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဒီအသံက ကလေး အသက်ရှူထုတ်တိုင်း မြည်တဲ့အသံပါ။ လေတွေကို အဆုတ်ထဲမှာ ထိန်းထားပြီး အသက်ရှူ လမ်းကြောင်း ပွင့်စေဖို့ ခန္ဓာကိုယ်က ပြုလုပ်တဲ့အခါ မြည်တဲ့ အသံဖြစ်ပါတယ်။
အပြည့်အစုံကို အသံဖိုင်လေးထဲမှာ နားဆင်နိုင်ပါတယ်ရှင်!