WeCare - The Health@Home Podcast

သင့်ရင်သွေးအတွက်  ကာကွယ်ဆေးထိုးရန် အချိန်ဇယားအကြောင်း သင်သိလိုသမျှ (အပိုင်း ၃)

Health@Home

Send us a text

အသည်းရောင်အသားဝါ ဘီ 

သင့်ကလေး ရရှိမယ့် ပထမဆုံး ကာကွယ်ဆေးပါ။  မွေးပြီး ၂၄ နာရီအတွင်း ပထမဆုံးအကြိမ် ဆေးကို ထိုးရပါတယ်။ ဒုတိယအကြိမ် နှင့် တတိယအကြိမ် က အသက်တစ်လမှ နှစ်လ အရွယ်နှင့် ခြောက်လမှ ဆယ့်နှစ်လသားအရွယ် တို့မှာ ထိုးရပါမယ်။ 

 

ဘီစီဂျီ ခေါ် တီဘီရောဂါ ကာကွယ်ဆေး (BCG (Bacillus Calmette Guerin) ) 

ဒါက သင့်ကလေးမွေးဖွားပြီးချိန်မှာ ရရှိမယ့် ဒုတိယမြောက် ကာကွယ်ဆေးပါ။  သင့်ကလေးကို  တီဘီ ရောဂါမှ ကာကွယ်ပေးပါတယ်။ ဆေးထိုးပြီးရင် ကလေးက ဖျားလာတာ၊ ဆေးထိုးတဲ့နေရာမှာ    ရောင်ရမ်းပြီး နာကျင်လာတာ ဖြစ်နိုင်ပါတယ်။

 

ပိုလီယိုအစက်ချဆေး (OPV (Oral Polio Vaccine)

ပထမအကြိမ်ကို မွေးစမှာ ပါးစပ်ထဲ အစက်ချပါတယ်။  နောက်ပိုင်း ကလေးအသက် (၆) ပတ်မှာ ဒုတိယအကြိမ်၊ (၁၀) ပတ်တွင် တတိယအကြိမ်နှင့် အသက် (၁၄) ပတ်မှာ  နောက်ဆုံးအကြိမ်ကို တိုက်ကျွေးပါတယ်။   ဒီဆေးက ပိုလီယိုဗိုင်းရပ်စ်ပိုးကို ကာကွယ်ပေးပါတယ်။

  • အပြည့်အစုံကို အသံဖိုင်လေးမှာနားဆင်နိုင်ပါတယ်။