WeCare - The Health@Home Podcast

မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် အခက်အခဲများ (အပိုင်း ၂)

Health@Home

Send us a text

ကလေးများက တစ်နေ့ကို ၈ ကြိမ်မှ ၁၂ ကြိမ်အထိ နို့ချိုတိုက်ကျွေးရလေ့ရှိပါတယ်။  နို့ထွက်မလောက်မှာ စိုးရိမ်တာထက် သင့်ကလေးရဲ့ ကြီးထွားမှု၊ ကိုယ်အလေးချိန်၊ လှုပ်ရှားမှုနဲ့  စိတ်အခြေအနေတွေကို လေ့လာကြည့်ပါ။ ဒီလိုဆိုရင် ကလေးက နို့လုံလောက်စွာ ရနေသလားဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။2 နို့ထွက်နှုန်းနည်းတဲ့ ပြဿနာကို ရှောင်ရှားဖို့ အောက်ပါအချက်တွေကို လိုက်နာနိုင်ပါတယ်။

 • သင့်ကလေးကို ဗိုက်ဆာတိုင်း နို့တိုက်ပါ။

 • သင့်ကလေးသည် နို့စို့နေပြီဖြစ်ကြောင်း သေချာပါစေ။

 • ရင်သားနှစ်ဖက်လုံးမှ မိခင်နို့တိုက်ပါ။

 • နို့ဘူးအသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။

 • မိမိကလည်း အိပ်ရေးဝဝ အိပ်ပါ။ 

 • နို့တိုက်ပြီးတိုင်း သင့်ရင်သားကို ‌နို့ကုန်အောင် ညှစ်ပေးပါ။

 အပြည့်အစုံကို အသံဖိုင်လေးမှာနားထောင် ပါ