WeCare - The Health@Home Podcast
WeCare - The Health@Home Podcast
(အသက် (၃) လအရွယ် ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အောင်မြင်မှုမှတ်တိုင်များ)a quick rundown of milestones achieved in 3 months(Part-1)
Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.
သင့်ကလေးငယ် ကြီးပြင်းလာသည်နှင့်အမျှ သင်ယူနိုင်လာတဲ့ အရည်အချင်းများကို ဖွံ့ဖြိုးမှုဆိုင်ရာ မှတ်တိုင်များ လို့ ခေါ်ပါတယ်။ အသက်(၃)လပြည့်ပြီးတဲ့အခါ သင့်ကလေးဟာ ပိုမိုတက်ကြွပြီး ပတ်ဝန်းကျင်ကို ပိုမို တုံ့ပြန်မှု ရှိလာမှာ ဖြစ်ပါတယ်။ မွေးကင်းစမှာရှိတဲ့ အလိုအလျောက် တုံ့ပြန်မှုများဟာ မသိသာတော့ဘဲ ကလေးဟာ သူ့ ရဲ့ လှုပ်ရှားမှုများကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်လာမယ် ဖြစ်ပါတယ်။ သို့သော် အချို့သော ကလေးငယ်များ ဟာ အခြားသူများထက် စောပြီး သို့မဟုတ် နောက်ကျမှ သူတို့ရဲ့ ဖွံ့ဖြိုးမှုမှတ်တိုင်များကို ရောက်ရှိကြတာလည်း ရှိပါတယ်။
သင့်ရဲ့ကလေးငယ် ပြုမူသမျှ ကိစ္စသေးသေးလေးတွေကို သင် အားပေးနေသလား?
သင့်ကလေးငယ်က သူ့ရဲ့ လက်ချောင်းသေးသေးလေးများနဲ့ သင့်ကို ဝိုင်းဖက်ထားတာ၊ ဒါမှမဟုတ် လက်ချောင်းလေး များကို လက်သီးဆုပ်ထားတာ စတဲ့ အပြုအမူလေးတွေကို သင် သတိပြုမိဖူးပါသလား။ အသံ ကျယ်ကျယ်လောင် လောင်တွေကို သင့်ကလေးက ဘယ်လိုတုံ့ပြန်သလဲ။ သင့်ကလေးဟာ မိခင်ကို မှီခိုနေရပြီး ဘာမှ မသိသေးတဲ့ မွေးကင်းစကလေးလေး ပုံစံကနေ သုံးလသားအရွယ် ရောက်လာရင် တက်ကြွပြီး အရာရာကို စိတ်ဝင်စားတဲ့ ကလေးငယ်အဖြစ်ကို သိသာထင်ရှားစွာ ကြီးပြင်းလာပါမယ်။ ကလေးငယ်ဟာ သူ့ခန္ဓာကိုယ်ကို ထိန်းညှိနိုင်စွမ်း ပိုများလာပြီး မွေးကင်းစမှာ ရှိခဲ့တဲ့ အလိုအလျောက် ထိန်းချုပ်မှုပုံစံတွေ တဖြည်းဖြည်း ပျောက်လာပါလိမ့် မယ်။ သုံးလအတွင်း ကလေးရဲ့ အသွင်ပြောင်းကြီးပြင်းလာပုံအကြောင်း Podcast လေးထဲမှာ အသေးစိတ် လေ့လာကြပါစို့။