WeCare - The Health@Home Podcast
WeCare - The Health@Home Podcast
စိတ်ကျန်းမာပျော်ရွှင်အောင် နေထိုင်နည်းများ(Ways to Mental Wellbeing)
Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.
စိတ်ကျန်းမာပျော်ရွှင်အောင် နေထိုင်နည်းများ
၁။ လူများနှင့် ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ပါ။ အနည်းဆုံး သင်၏ တစ်နေ့တာအချိန်တွင် မိသားစုအချိန် ၁၅-၃၀ မိနစ် ရအောင်ဖန်တီးပါ။
၂။ သူတစ်ပါးကို ပေးကမ်းတတ်အောင် ကြိုးစားပါ။ ပေးကမ်းခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှု တိုးစေရုံသာမက လူချစ်လူခင်ပေါများပြီး ပျော်ရွှင်ခြင်းကို ခံစားရစေမှာ ဖြစ်ပါတယ်။
၃။ ယခုတွေ့ကြုံနေရတဲ့ အခြေအနေ အချိန်အခါကိုသာ အာရုံစူးစိုက်ပါ။ ကြိုတင်စိုးရိမ်စိတ်လွန်ကဲခြင်းဟာ စိတ်ကျရောဂါကို စတင်ဖြစ်ပွားနိုင်သော အကြောင်းအရင်းတစ်ခုပဲ ဖြစ်ပါတယ်။
၄။ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ပါ။ အားကစားဟာ ကိုယ်ခန္တာကျန်းမာရုံသာမက စိတ်ကိုပါ ကျန်းမာရွှင်လန်းစေပါတယ်။
၅။ စွမ်းရည်ပညာရပ်သစ်များကို လေ့လာသင်ယူပါ။ ဤသို့ သင်ယူခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်ချက် တိုးစေရုံသာမက ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ပါ ကျယ်ပြန့်လာပါတယ်။