WeCare - The Health@Home Podcast

သွေးချိုဆီးချိုနှင့် ကော်ဖီသောက်သုံးခြင်း(Ways to drink coffee for DM)

Health@Home

Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.

0:00 | 1:57

Send us Fan Mail

ဆီးချိုလည်း ရှိတယ်။ ကော်ဖီလည်း မပြတ်သေးဘူးဆိုရင်

 ၁.လျှော့သောက်ပါ။

ပမာဏလည်း လျှော့သောက်ပါ။ ရက်လည်း လျှော့သောက်ပါ။တဖြည်းဖြည်းချင်း နည်းသွားအောင် ကြိုးစားပါ။

 ၂.ရေတွေ အများကြီး မရောပါနဲ့။

 အချိုပေါ့အောင်လို့ ရေတွေ အများကြီး မရောသင့်ပါဘူး။ ကော်ဖီတစ်ထုပ်ကို မက်ခွက်နဲ့ ဖျော်ဖျော်၊ ရေသန့်ဘူးနဲ့ပဲ ဖျော်ဖျော် အကုန်သောက်လိုက်တယ်ဆိုရင် ဒါကော်ဖီတစ်ထုပ်လုံးသောက်လိုက်တာနဲ့ တူတူပါပဲ။ သကြားပမာဏက တူတူပါပဲ။

 ၃.ပြောင်းသောက်ပါ။

လက်ရှိမှာ မဖြတ်နိုင်သေးဘူးဆိုရင် ဒါမှမဟုတ် ဖြတ်ကို မဖြတ်နိုင်တာ။ ဒါမသောက်ရလို့ မဖြစ်ပါဘူးဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တာကို ပြောင်းသောက်ပါ။ စျေးကွက်ထဲက ရောပြီးသား ကော်ဖီထုပ်၊ လက်ဖက်ရည်ထုပ်တွေ ဆီးချိုလူနာနဲ့ လုံးဝမတည့်ပါ။ Diet ကော်ဖီဆိုတာလည်း ဆီးချိုသမားအတွက် ထုတ်ထားတာ မဟုတ်ပါ။

  •  သောက်ချင်ရင် ကော်ဖီစေ့ကို ကြိတ်ထားတဲ့ ကော်ဖီမှုန့် အကြမ်းကို ဝယ်ပါ။ အဆီထုတ်နွားနို့ (မလိုင်ဖယ်ထားတဲ့ နွားနို့)၊ ဆီးချိုသကြားတို့နဲ့ သောက်ပါ။ ကိုယ့်ဆီးချိုနဲ့ ချင့်ချိန်ပြီး သောက်ပါ။ ဆီးချိုမထိန်းနိုင်တဲ့အချိန်ဆို ဒါတွေလည်း မသောက်ပါနဲ့။ နို့တွေ သကြားတွေက ဆီးချိုသမားအတွက် သီးသန့်လုပ်ထားတာပေမယ့် ကော်ဖီစေ့မှာပါတဲ့ ကဖင်းက ဆီးချိုထိန်းရခက်စေလို့ပါ။