WeCare - The Health@Home Podcast
WeCare - The Health@Home Podcast
ဆီးချိုရောဂါနှင့်အစားအစာ (Diabetes and food)
Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.
ဆီးချိုရောဂါသည် သွေးတွင်းအချိုဓါတ် လွန်ကဲခြင်းကြောင့် ဖြစ်သည်။ ၎င်းရောဂါကို အစားအစာ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်း၊ အချိုထိန်းသော ဆေးများ၊ အင်ဆူလင်ထိုးဆေး (insulin injections) များဖြင့် ကုသနိုင်သည်။
(၁) လုံးဝရှောင်ရမည့် အစားအစာတွေကတော့
သကြားနှင့် သကြားဓါတ်ပါဝင်သော အစားအစာများအားလုံးကို လုံးဝရှောင်ရမည်။
ဥပမာ - ဖရဲသီး၊ နာနတ်သီး၊ သရက်သီး၊ သကြား၊ နို့ဆီ၊ နို့မှုန့်၊ ကော်ဖီမစ်နှင့်ဖျော်သော ကော်ဖီ၊ လက်ဖက်ရည်
( ၂) ကန့်သတ်ရန် မလိုအပ်သော အစားအစာများကတော့
ဤအစားအသောက်များကို မိမိနှစ်သက်ပါက ဗိုက်ဝအောင် စားသောက်နိုင်ပါသည်။
(က) စိမ်းစိုသော ဟင်းသီးဟင်းရွက်အမျိုးမျိုး
ဘူးရွက်၊ ကန်စွန်းရွက်၊ မန်ကျည်းရွက်၊ ချဥ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ မြင်းခွာရွက်၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပွင့်၊ ပန်းမုံလာ၊ ကိုက်လန်ရွက်၊ မုန်ညှင်းရွက်။
(ခ) မချိုသော အသီးအမြစ်များ
ခရမ်းချဥ်သီး၊ သံပုရာသီး၊ ရှောက်သီး၊ ဇီးဖြူသီး၊ မျှစ်၊ မုန်လာဥဖြူ၊ ဘူးသီး၊ ဂေါ်ရခါးသီး၊ ခရမ်းသီး၊ ကင်းပုံသီး၊ ခဝဲသီး၊ ရုံးပတီသီး၊ ဂွေးချိုသီး၊ သလဲသီး။
(ဂ) သား/ငါးများ
ကြက်၊ ဘဲ၊ ဆိတ်၊ အမဲ၊ ဝက်၊ ငါး၊ ပုဇွန်၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ။
(ဃ) ကော်ဖီ/လက်ဖက်ရည် နွားနို့အစစ်နှင့်ဖျော်၍ အချိုတုများနှင့် ဖျော်သောကော်ဖီ၊ လက်ဖက်ရည်တို့ကို သောက်သုံးနိုင်ပါသည်။
သကြား၊ နို့ဆီ၊ နို့မှုန့် လုံးဝမရပါ။ ***
(၃) သင့်တင့်သော အတိုင်းအတာထိသာ စားသင့်သောအစားအစာများ
ဤအစားအစာများသည် ကစီဓါတ် (Starch) ခေါ် Carbohydrate အများဆုံးပါရှိသည့် မိမိနှင့် သင့်တော်သော တစ်နေ့အတွက် ကစီဓါတ်ယူနစ် ပမာဏကို ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်ပါသည်။
(က) ဆန်နှင့်ပြုလုပ်သော အစားအစာများ
ထမင်း၊ ဆန်ပြုတ်၊ မုန့်တီ၊ မုန့်ဟင်းခါး၊ ဆန်ခေါက်ဆွဲ၊ ကောက်ညှင်း။
(ခ) ဂျုံနှင့်ပြုလုပ်သော အစားအစာများ
မချိုသော ပေါင်မုန့်နှင့် ဘီစကစ်၊ ခေါက်ဆွဲ၊ နံပြား၊ ဂျပါတီ၊ ပူရီ၊ အီကြာကွေး၊ ထပ်တရာ၊ ပလာတာ။
(ဂ) ကစီဓါတ်များသော အသီးနှင့်ဥများ
အာလူး၊ ရွှေဖရုံသီး၊ ပိန်းဥ၊ ခါကြက်ဥ၊ ပဲအမျိုးမျိုး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ မာလကာသီး၊ စိမ်းစားဥတို့ဘဲဖြစ်ပါတယ်ရှင်။မိမိပြနေကြဆရာဝန်နဲ့လဲတိုင်ပင်ပြီးစားသောက်နိုင်ပါတယ်ရှင်။