WeCare - The Health@Home Podcast

ခေါင်းကိုက်ခြင်းဝေဒနာကို အလွယ်တကူ ကုသနိုင် သောနည်းလမ်းများ(Tips to cure headache)

Health@Home

Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.

0:00 | 2:16

Send us Fan Mail

ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားနေရပါက အောက်ပါနည်းလမ်းများ၊ ပစ္စည်းများကို အသုံးပြုပြီး အလွယ်တကူ ကုသနိုင်ပါသည်။

၁။ ချင်း (ဂျင်း)

ဂျင်းသည် သွေးကြောအတွင်း ရောင်ရမ်းစေသည့် ဓာတ်ပစ္စည်းများကို လျော့နည်းစေခြင်းအားဖြင့် ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါသည်

၂။ ရေခဲ

ရေခဲသည် ခေါင်းကိုက်ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းတွေထဲက တစ်ခုဖြစ်သော ရောင်ရမ်းခြင်းကို နည်းပါးစေရန်ကူညီပေးပါသည်။ ထို့ပြင် နာကျင်မှုကို သက်သာစေနိုင်ပါသည်။

 

၃။ အနှိပ်ကုထုံး

လက်မနှင့် လက်ညှိုး ကြားရှိနေရာကို ဖြည်းညင်းစွာ နှိပ်ပေးခြင်းအားဖြင့် ခေါင်းကိုက်ဝေဒနာ သက်သာအောင် ပြုလုပ်၍ရပါသည်။ လက်တစ်ဖက်ချင်းစီကို တစ်မိနစ် နှစ်မိနစ်ခန့် နှိပ်နယ်ပေးခြင်း ပြုလုပ်နိုင်ပါသည်။ သို့သော် ကိုယ်ဝန်ရှိသော မိခင်များတွင် ဤနည်းစနစ်ကို မပြုလုပ်သင့်ပါ။

 

၄။ သံပရာသီး

သံပရာသီးတွင် လန်းဆန်းစေသော ဂုဏ်သတ္တိနှင့် တင်းအားများပြေလျော့စေသော ဂုဏ်သတ္တိများ ပါဝင်သဖြင့် ခေါင်းကိုက်ခြင်းကို ကုသရာတွင် ထိရောက်သောနည်းလမ်းတစ်ခုဖြင့် အသုံးပြုကြပါသည်။

 

၅။ ကွမ်းရွက်

ကွမ်းရွက်တွင် နာကျင်မှုကို သက်သာစေသည့်ဂုဏ်သတ္တိအပြင် အေးမြစေသည့် ဂုဏ်သတ္တိနှင့် အကိုက်အခဲကို သက်သာစေသည့် ဂုဏ်သတ္တိများရှိခြင်းကြောင့် ကွမ်းရွက်ကို ခေါင်းကိုက်ပျောက်စေရန် မိရိုးဖလာသုံးစွဲခဲ့ကြပါသည်။