WeCare - The Health@Home Podcast

သွေးချိုဆီးချိုရှိသူများ အရက်ဘီယာသောက်တဲ့အခါ သတိထားသင့်တဲ့ အချက်များ

Health@Home

Use Left/Right to seek, Home/End to jump to start or end. Hold shift to jump forward or backward.

0:00 | 0:56

Send us Fan Mail

  1. ကိုယ်နဲ့အတူသောက်မယ့် မိတ်ဆွေသူငယ်ချင်းများကို မိမိမှာ သွေးချိုဆီးချိုရှိကြောင်း အသိပေးထားပါ။
  2. စမသောက်ခင်တည်းက သွေးတွင်းသကြားဓာတ် (blood glucose) ကို စစ်ဆေးပါ။
  3. အစာမရှိပဲ မသောက်ပါနှင့်။ အစာအိမ်အတွင်း ဘာအစာမှမရှိပဲ အရက်ဘီယာသောက်ပါက သွေးတွင်းသကြားဓာတ်ကျဆင်းနိုင်ချေများပါသည်။
  4. မသောက်ခင်တည်းက သောက်နေစဥ် သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း (hypoglycaemia)ဖြစ်ခဲ့လျှင် ကုသရန် လိုအပ်သည်များကို ပြင်ဆင်ထားပါ။
  5. သောက်ပြီး အိပ်မပျော်ခင်လည်း သွေးတွင်းသကြားဓာတ် (blood glucose) ထပ်မံစစ်ဆေးပါ။ အကယ်၍ ကျဆင်းနေလျှင် ပုံမှန်ပြန်ဖြစ်အောင် ကုသပြီးမှ အိပ်ပါ။
  6. အရက်ဘီယာသောက်ပြီးချိန်နှင့် နောက်ရက်အထိ ရေများများသောက်ပါ။


  • သွေးချိုဆီးချိုရှိသူဖြစ်စေ မရှိသူဖြစ်စေ တစ်ပတ်လျှင် ၁၄ယူနစ် သောက်သုံးနိုင်ပါတယ်။
  • vodka (25ml) ကို ၁ယူနစ်
  • alcohol ၉% ပါဝင်တဲ့ ၁၂၅ml ဝိုင်တစ်ခွက်ကို ၁ယူနစ်လို့ သတ်မှတ်ထားပါတယ်။