WeCare - The Health@Home Podcast

ကလေးမလန်းဘဲ မှိန်းနေလျှင် ဖြစ်တတ်သော လက္ခဏာများ(A Lethargic child's signs-Part 2)

May 15, 2024 Health@Home
ကလေးမလန်းဘဲ မှိန်းနေလျှင် ဖြစ်တတ်သော လက္ခဏာများ(A Lethargic child's signs-Part 2)
WeCare - The Health@Home Podcast
More Info

May 15, 2024
Health@Home

ကလေး ကို မလန်းဘဲ မှိန်းစေတဲ့ အကြောင်းရင်းများ

ကလေးဟာ လန်းလန်းဆန်းဆန်း မရှိဘဲ တချိန်လုံး ငိုပဲနေမယ် ဂျီကျတယ် ဆိုတာဟာ  ဆေးဘက်ဆိုင်ရာ ရှုထောင့်က ကြည့်ရင်  အရေးပေါ်အခြေအနေဖြစ်ပါတယ်။ 

တစ်နှစ်အောက် ကလေးများ ဒီလို ဖြစ်စေတဲ့  အကြောင်းရင်းများက‌တော့ -

ရောဂါပိုးဝင်ခြင်း

 • ဦးနှောက်အမြှေးရောင်ရောဂါ (Meningitis) ဆိုတာ  ဦးနှောက်ကို ဘက်တီးရီးယား ရောဂါပိုးဝင်ခြင်းပါ။ 

 • ကလေးဟာ တုံ့ပြန်မှုနည်းပြီး  အီမယ်၊  အဖျားတက်ခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်းတွေ ဖြစ်မယ်။ မီးရောင် စူးစူးကို မကြည့်နိုင်တာ ၊ အသားအရောင် ဖျော့တော့နေတာ၊ အစာ သေချာမဝင်တာ နဲ့  ဆီးအထွက်နည်းခြင်း တွေ ဖြစ်နိုင်ပါတယ်။

 • သွေးတွင်း ပိုးဆိပ်သင့်ခြင်း (Sepsis) သည်  သွေးမှတဆင့် ခန္ဓာကိုယ်အနှံ့ ရောဂါပိုး ကူးစက်ပျံ့နှံ့ခြင်း ဖြစ်တဲ့ အခြေအနေပါ။ ရောဂါပိုး ဆိုတာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် ၊  မှိုပိုးစတာတွေ အမျိုးစုံ  ဖြစ်နိုင်ပါတယ်။  ကလေး မွေးဖွားစဉ် နဲ့ မွေးပြီးချိန်တွေမှာ ဒီရောဂါပိုးတွေ ကလေးကို ကူးစက်ခြင်း ခံရနိုင် ပါတယ်။ 

 • သွေးပိုးဆိပ်သင့်ခြင်းရဲ့ လက္ခဏာအချို့မှာ ကလေး မလန်းဆန်းခြင်း၊ အသက်ရှူရခက်ခဲခြင်း သို့မဟုတ် အစာ ကျွေးရခက်ခြင်း နှင့် ခန္ဓာကိုယ်အပူချိန် မတည်ငြိမ်ခြင်း (အလွန် ပူခြင်း၊ အေးစက်ခြင်း) တို့ဖြစ်ပါတယ်။ 2

Show Notes