WeCare - The Health@Home Podcast

သွေးတွင်းအချိုဓာတ် နည်းခြင်း(Hypoglycemia)

March 10, 2023 Health@Home
သွေးတွင်းအချိုဓာတ် နည်းခြင်း(Hypoglycemia)
WeCare - The Health@Home Podcast
More Info
WeCare - The Health@Home Podcast
သွေးတွင်းအချိုဓာတ် နည်းခြင်း(Hypoglycemia)
Mar 10, 2023
Health@Home

သွေးတွင်း အချိုဓာတ် ပုံမှန် ရအောင် လုပ်ဖို့ အရေးကြီးပါတယ်။ အချိုဓာတ် ကို ပြန်လည် ရရှိနိုင်တဲ့ သကြားလုံး၊ အချိုရည်အစရှိတဲ့ အစားအစာများကို စားလို့ရပါတယ်။ ကာဗိုဟိုက်ဒရိတ်ကို ၁၅ ဂရမ် ပမာဏ‌လောက်သာ စားသင့်ပါတယ်။ (ဉပမာ -  သစ်သီးဖျော်ရည်  4oz သို့မဟုတ် နွားနို့ 8oz (ဖန်ခွက် တစ်ခွက်) ကို သောက်ပေးလို့ရပါတယ်။) ချောကလက်, မြေပဲ, cheese တို့ကို ‌စားခြင်းသည် အချိုဓာတ်ကို လျင်မြန်စွာ မရတဲ့အတွက် အကျိုးမရှိပါ။

အစား မစားဘဲ လေ့ကျင့်ခန်း အပြင်းအထန် လုပ် ခြင်း၊ အင်ဆူလင်ထိုးနေသူများတွင် ဆေးထိုးသည့် ပမာဏ မမှန်ခြင်း၊  ဆေးကို အလွန်အကျွံ့  သောက်ခြင်း၊ အစားပုံ မှန် မစားခြင်း နှင့် အရက်သောက်သူများတွင် ဖြစ်တတ်ပါတယ်။

သွေးချို ပမာဏကို အိမ်တွင် ပုံ မှန်စစ်ဆေးပါ၊ အစားကို ပုံမှန်စားပါ၊ ဆေးကိုလည်း အချိန်မှန်သောက်ပေးပါ။ အရက်ကို တတ်နိုင်သမျှ ‌ေရှာင်ပါ။  
 သွေးတွင်း အချိုဓာတ် ပမာဏ ကျဆင်းခြင်းဟာ အသက်အရွယ် ဆုံးပါးသည် အထိ ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် မကြာခဏ သွေးအချိုဓာတ် ကျနေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

Show Notes