WeCare - The Health@Home Podcast

ဆီးချိုရောဂါနှင့်အစားအစာ (Diabetes and food)

March 07, 2023 Health@Home
ဆီးချိုရောဂါနှင့်အစားအစာ (Diabetes and food)
WeCare - The Health@Home Podcast
More Info
WeCare - The Health@Home Podcast
ဆီးချိုရောဂါနှင့်အစားအစာ (Diabetes and food)
Mar 07, 2023
Health@Home

 ဆီးချို​ရောဂါသည် ​သွေးတွင်းအချိုဓါတ် လွန်ကဲခြင်း​​ကြောင့် ဖြစ်သည်။ ၎င်း​ရောဂါကို အစားအစာ၊ ကိုယ်လက်လှုပ်ရှား​လေ့ကျင့်ခြင်း၊ အချိုထိန်း​​သော ​ဆေးများ၊ အင်ဆူလင်ထိုး​ဆေး (insulin injections) များဖြင့် ကုသနိုင်သည်။

(၁) လုံးဝ​ရှောင်ရမည့် အစားအစာတွေကတော့ 

သကြားနှင့် သကြားဓါတ်ပါဝင်​သော အစားအစာများအားလုံးကို လုံးဝ​​ရှောင်ရမည်။
ဥပမာ - ဖရဲသီး၊ နာနတ်သီး၊ သရက်သီး၊ သကြား၊ နို့ဆီ၊ နို့မှုန့်၊ ​ကော်ဖီမစ်နှင့်​ဖျော်​သော ​ကော်ဖီ၊ လက်ဖက်ရည်

( ၂) ကန့်သတ်ရန် မလို​​အပ်သော အစားအစာများကတော့ 
 ဤအစားအ​သောက်များကို မိမိနှစ်သက်ပါက ဗိုက်ဝ​အောင် စား​သောက်နိုင်ပါသည်။

 (က) စိမ်းစို​သော ဟင်းသီးဟင်းရွက်အမျိုးမျိုး
ဘူးရွက်၊ ကန်စွန်းရွက်၊ မန်ကျည်းရွက်၊ ချဥ်​ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ မြင်းခွာရွက်၊ ​ဂေါ်ဖီထုပ်၊ ​ဂေါ်ဖီပွင့်၊ ပန်းမုံလာ၊ ကိုက်လန်ရွက်၊ မုန်ညှင်းရွက်။

 (ခ) မချို​​သော အသီးအမြစ်များ
ခရမ်းချဥ်သီး၊ သံပုရာသီး၊ ​ရှောက်သီး၊ ဇီးဖြူသီး၊ မျှစ်၊ မုန်လာဥဖြူ၊ ဘူးသီး၊ ​ဂေါ်ရခါးသီး၊ ခရမ်းသီး၊ ကင်းပုံသီး၊ ခဝဲသီး၊ ရုံးပတီသီး၊ ​​ဂွေးချိုသီး၊ သလဲသီး။

(ဂ) သား/ငါးများ
ကြက်၊ ဘဲ၊ ဆိတ်၊ အမဲ၊ ဝက်၊ ငါး၊ ပုဇွန်၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ။

(ဃ) ​ကော်ဖီ/လက်ဖက်ရည် နွားနို့အစစ်နှင့်​ဖျော်၍ အချိုတုများနှင့် ​ဖျော်​သော​ကော်ဖီ၊ လက်ဖက်ရည်တို့ကို ​သောက်သုံးနိုင်ပါသည်။

သကြား၊ နို့ဆီ၊ နို့မှုန့် လုံးဝမရပါ။ ***

(၃) သင့်တင့်​သော အတိုင်းအတာထိသာ စားသင့်​သောအစားအစာများ
ဤအစားအစာများသည် ကစီဓါတ် (Starch) ​ခေါ်  Carbohydrate အများဆုံးပါရှိသည့် မိမိနှင့် သင့်​တော်​သော တစ်​နေ့အတွက် ကစီဓါတ်ယူနစ် ပမာဏကို ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်ပါသည်။

 (က) ဆန်နှင့်ပြုလုပ်​သော အစားအစာများ
ထမင်း၊ ဆန်ပြုတ်၊ မုန့်တီ၊ မုန့်ဟင်းခါး၊ ဆန်​ခေါက်ဆွဲ၊ ​ကောက်ညှင်း။

 (ခ) ဂျုံနှင့်ပြု​လုပ်​သော အစားအစာများ
မချို​သော ​ပေါင်မုန့်နှင့် ဘီစကစ်၊ ​ခေါက်ဆွဲ၊ နံပြား၊ ဂျပါတီ၊ ပူရီ၊ အီကြာ​ကွေး၊ ထပ်တရာ၊ ပလာတာ။

(ဂ) ကစီဓါတ်များ​သော အသီးနှင့်ဥများ
အာလူး၊ ​ရွှေဖရုံသီး၊ ပိန်းဥ၊ ခါကြက်ဥ၊ ပဲအမျိုးမျိုး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ မာလကာသီး၊ စိမ်းစားဥတို့ဘဲဖြစ်ပါတယ်ရှင်။မိမိပြနေကြဆရာဝန်နဲ့လဲတိုင်ပင်ပြီးစားသောက်နိုင်ပါတယ်ရှင်။

Show Notes