WeCare - The Health@Home Podcast

Diabetes (Myth or Fact)

March 06, 2023 Health@Home
Diabetes (Myth or Fact)
WeCare - The Health@Home Podcast
More Info
WeCare - The Health@Home Podcast
Diabetes (Myth or Fact)
Mar 06, 2023
Health@Home

၁. သွေးချိုဆီးချိုဟာ ကူးစက်တတ်တဲ့ရောဂါလား?
     သွေးချိုဆီးချိုကို ကူးစက်တတ်တယ်လို့ ထင်ရင်တော့ ဒီအယူအဆဟာ လွဲမှားနေပါတယ်။ သွေးချိုဆီးချိုဟာ ကူးစက်ရောဂါ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက သတ်မှတ်ထားပြီးသားဖြစ်ပါတယ်။

၂. သွေးချိုဆီးချိုရောဂါဟာ ပြင်းထန်တဲ့ ရောဂါတစ်ခုမဟုတ်ပါ
    ဒီအယူအဆဟာ လွဲမှားကြောင်း England မှ ဆီးချိုအဖွဲ့အစည်းက ဆိုပါတယ်။ သွေးချိုဆီးချိုရှိလျက်နှင့် ပေါ့ပေါ့ ဆဆနေလျှင် နောက်ဆက်တွဲဖြစ်ပွားနိုင်သော သွေးချိုနှီးနွယ် ကျောက်ကပ်ပျက်စီးခြင်း၊ အမြင်အာရုံပျက်စီးခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အာရုံကြောရောဂါ၊ ခြေထောက်ပျက်စီးခြင်း စသည့် ရောဂါများသည် ရေရှည်တွင် လူနာ၏ အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သောကြောင့် သွေးချိုဆီးချိုရောဂါကို မပြင်းထန်ဘူးဟု မမှတ်ယူသင့်ပါ။

၃. သွေးချိုဆီးချိုရှိသူ သကြားစားလို့မရပါ
      မမှန်ပါ။ သွေးချိုဆီးချိုဖြစ်တာနဲ့ သကြားလုံးဝဖြတ်တောက်လိုက်ရန်မလိုပါ။ သကြားသင့်တင့်စွာ ချင့်ချိန်စားလို့ရပြီး အချိုဓာတ်လွန်ကဲလွန်းသော အစားအစာများကိုသာရှောင်ရှားသင့်ပါသည်။

၄.သွေးချိုဆီးချိုရှိသူများသည် သာမာန်လူများထက် ဖျားနာလွယ်သည်။ ရာသီတုတ်ကွေးဖြစ်       လွယ်သည်
ဒီအချက်သည် မမှန်ပါ။ သွေးချိုဆီးချိုသမားများ ဖျားနာလျှင် သွေးတွင်းသကြားဓာတ်ထိန်းရန်ခက်ခဲကာ အခြေအနေပိုမိုဆိုးရွားလာတတ်သောကြောင့် ဆရာဝန်များက မဖျားနိုင်အောင်နေထိုင်စေလိုခြင်းပဲဖြစ်ပါတယ်။
 
၅.သွေးချိုဆီးချိုရောဂါသည် ကာကွယ်၍ရသည်
     အမျိုးအစား (၁)သွေးချိုဆီးချိုအတွက် မှားသည်။ အမျိုးအစား (၂)သွေးချိုဆီးချို အတွက်မှန်သည်။

၆.သွေးချိုဆီးချိုရောဂါ ကာကွယ်ဆေးရှိပါသလား?
      ယနေ့တိုင် သွေးချိုဆီးချိုကာကွယ်ဆေးဟူ၍ ရှာဖွေတွေ့ရှိခြင်းမရှိသေးပါ။ အထက်ကပြောခဲ့သလို အမျိုးအစား(၂)သွေးချိုဆီးချိုကိုတော့ နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

Show Notes